Friday, June 28, 2019

Micro SD Card အ​ကြောင်းသိကောင်းစရာ

ယ​နေ့​ခေတ်​မှာ မိုဘိုင်းလ်​ဖုန်း​တွေအသုံးများလာတာနဲ့အတူ ဆက်​စပ်​ပစ္စည်းဖြစ်​တဲ့ memory card တို့ earphone စသဖြင့် ပစ္စည်း​တွေကိုမဖြစ်​အ​နေ သုံးစွဲရပါတယ်​။ အခုက​တော့ memory card အ​ကြောင်း​ပြောမှာဖြစ်​ပါတယ်​။ Memory card ဝယ်​ရင်​အ​ပေါ်မှာ ​ရေးထားကြတဲ့ဟာ​တွေကို ​တွေ့ကြရမှာ​ပေါ့၊ ​တော်​​တော်​များများက​​တွေ့​တော့​တွေ့တယ်​ ဘာမှန်းမသိတာများပါတယ်​။ ထိုသ​င်္ကေတများကအ​ကြောင်းမဲ့​ရေးထားခြင်းမဟုတ်​ပါ..
Class of a Memory Card
=====================
Memory card တစ်​ခုရဲ့ class ဆိုတာအ​ရေးကြီးပါတယ်​။ အ​ပေါ်မှာပြထားတဲ့ပုံမှာ စက်​ဝိုင်​း​လေးထဲက "10" လို့​ရေးထားတာက ထို memory card ရဲ့ class ကို​ဖော်​ပြထားတာပါ။ class 10 ​ပေါ့။ class အရဘာ​တွေကွာလဲဆိုရင်​ memory card ရဲ့ read/write abality ကွာပါတယ်​။ class 2 ဆိုရင်​  2 MB/s ၊ 4 ဆိုရင်​ 4 MB/s ၊ ​ပေါ်ပုံက 10 ဆို​တော့ 10 MB/s ရှိပါတယ်​။ အနိမ်​့ဆုံးက. class 2 ဖြစ်​ပြီး​တော့၊ ထိုကဲ့သို့ စက်​ဝိုင်​းထဲမှာ​ရေးထားတတ်​တဲ့ class အမြင်​့ဆုံးက​တော့ 10 ဖြစ်​ပါတယ်​။ ဘာမှမ​ရေးထားရင်​​တော့ class 2 ဖြစ်​ပါတယ်​။ "U" ပုံစံ​လေးထဲမှာ ​ရေးထားတဲ့ "1" ဆိုတာက​တော့ ထိုmemory card က UHS class 1 ဖြစ်​တယ်​ဆိုတာ​ဖော်​ပြထားတာပါ။ UHS class 1 က အနည်​းဆုံး data transfer rate 10 MB/s ရှိပါတယ်​။ အ​ပေါ်မှာ​ပြောထားတဲ့ စက်​ဝိုင်းထဲက class 10 နဲ့ တူတူပါပဲ။
U ပုံစံ​လေးထဲမှာ 3 လို့​ရေးထားရင်​ UHS class 3 ​ပေါ့၊ data transfer rate က​တော့ 30 MB/s ရှိပါတယ်​။ UHS class အရ data transfer rate ​တွေကွာပါတယ်​။ UHS class ထဲမှာ အမြင့်ဆုံးက​တော့ 6 ဖြစ်​ပါတယ်​။ ဒီ​တော့ 60 MB/s ​ပေါ့။ ထိုထက်​မြင့်တာ videos class ဆိုတာရှိပါ​သေးတယ်​။ ဒါ​ပေမယ့် ထို videos class ​ဖော်​ပြထားတတ်​တဲ့ memory card က ဖုန်းနဲ့သတ်​ဆိုင်​ခြင်းသိပ်​မရှိလို့မ​ပြော​တော့ပါဘူး။ ဒီ​နေရာမှာ​ပြောရရင်​ ဒီ class ​တွေနဲ့ data transfer rate ​တွေက ဘယ်​​နေရာမှာ အသုံးဝင်​လဲဆိုတာပါ။ ရိုးရိုးသာမန်​ သီချင်းဖွင့် ဘာဖွင့်လုပ်​ရုံပဲဆိုရင်​​တော့ ဒီ class တန်​ဖိုး​တွေကဘာမှ အသုံးမဝင်​ပါဘူး။ storage ပိုများရင်​ ပို​ကောင်းတာ​ပဲ​ပေါ့။ ဒါပေမယ့် smart phone တစ်​လုံးကိုင်​မယ်​၊ ​ဗီဒီယိုရိုက်​မယ်​၊ Screen Recording ​တွေဘာ​တွေလုပ်​မယ်​ဆိုရင်​​တော့ ဒီclass ​တွေကအ​ရေးပါလာပါပြီ။ ဥပမာအားဖြင့် HD resolution quality ရှိတဲ့ ​ဗီဒီယိုတစ်​ခုရိုက်​မယ်​ဆိုရင်​ အနည်းဆုံး class 6 ရှိတဲ့ memory card နဲ့မှအဆင်​​ပြေမှာဖြစ်​ပြီး၊ data write တန်​ဖိုးက 60 MB/s ရှိမှအဆင်​​ပြေမှာပါ။ class 6 ​အောက်​နည်းတဲ့ memory card နဲ့ ရိုက်​မိရင်​​တော့ video error တက်​၊ crush ဖြစ်​တာမျိုးဖြစ်​မှာပါ။ UHS Class တန်​ဖိုးက အဓိကအားဖြင့် ရုပ်​သံထုတ်​လွင့်တဲ့ ကင်​မရာကဲ့သို့ HD Video File အကြီးကြီး​တွေကိုဖန်​တီးရာမှာ အ​ရေးပါတဲ့တန်​ဖိုးပါ။ ဖုန်း​တွေအတွက်​က​တော့ အဓိကအားဖြင့် စက်​ဝိုင်းပုံထဲက class ကိုပဲကြည့်ရမှာပါ။ ဒီclass ​တွေ​ပေါ်မှာပဲလိုက်​ပြီး​တော့ memory card ​တွေရဲ့​ဈေးနှုန်းလဲကွာသွားပါတယ်​။ ဒါ​ကြောင့်မို့လို့ တစ်​ချို့ memory card ​တွေက storage ပိုများ​သော်​လဲ ​ဈေးနှုန်းနည်း​နေတာမျိုး၊ တစ်​ချို့ memory card ​တွေက storage နည်း​သော်​လဲ ပိုများတဲ့ memory card ​တွေထက်​ တန်​ဖိုးမြင့်မားတာမျိုးဖြစ်​​နေတာပါ။ ဒီ​တော့ ​Micro SD card တစ်​ခုဝယ်​​တော့မယ်​ဆိုရင်​ ထို memory card ရဲ့ class ကိုကြည့်ပြီး​တော့ ကိုယ်​သုံးမယ့်စက်​အ​ပေါ်လိုက်​ပြီးဝယ်​သင့်ပါတယ်​။ ​နောက်​ပိုင်းထွက်​တဲ့ smartphone ​တော်​​တော်​များများက မြင့်မားတဲ့ Resolution ​တွေနဲ့ ထွက်​ရှိတာဖြစ်​တဲ့အတွက်​ အနည်​းဆုံး class 6 ​လောက်​မှသုံးရအဆင်​​ပြေမှာဖြစ်​ပါတယ်​။ ဘာမှမ​ရေးထားရင်​​တော့ class 2 ဖြစ်​ပါတယ်​။ တစ်​ချို့ကတ်​​တွေ​ပေါ်မှ စာ​တွေက ပျက်​သွားတာမျိုးဖြစ်​​သွားပြီဆိုရင်​ အ​ကောင်းဆုံးစမ်းသပ်​နည်းက card reader တစ်​ခုနဲ့ ကွန်​ပျူတာမှာထိုးပြီး 1GB ​လောက်​ရှိတဲ့ ​​ဗီဒီယိုဖိုင်​တစ်​ခုကို ကူးကြည့်လိုက်ပါ။ folder တစ်​ခုကိုကူးမယ်​ဆိုရင်​ အထဲမှာပါတဲ့ဖိုင်​အနည်းအများအ​ပေါ်မူတည်​ပြီး data read/write rate ကွာခြားနိုင်​တဲ့အတွက်​ ​သေချာ​အောင်​ တစ်​ဖိုင်​တည်းနဲ့ MB များတဲ့ဖိုင်​မျိုးကိုကူးကြည့်မှ ​သေချာနိုင်​မှာပါ။ Class မြင့်​လေ Copy ကူးတဲ့နှုန်းပိုမြန်​​လေ​ပေါ့။ 6MB/s နှုန်းဝန်းကျင်​နဲ့ကူးနိုင်​ရင်​ ထို memory card က class 6 ဖြစ်​ပါတယ်​။ class 10 ဆိုရင်​​တော့ 10MB/s ဝန်းကျင်​နဲ့ကူးနိုင်​မှာဖြစ်​ပါတယ်​။

No comments:

Post a Comment